0

မိန်းမအမျိုးအစား(၄)မျိုး

ပဒုမ္မဏီ = ကိုယ် မှကြာညိုနံသင်း သော မိန်းမ
သိန္ဂဏီ = ကိုယ် မှ ငရုပ်ပန်း နံ့ထွက်သော မိန်းမ
စိတ္တရဏီ = ကိုယ်မှ ကျင်ငယ် နံ့ထွက်သော မိန်းမ
ဟတ္ထဏီ = ကိုယ်မှ ညှီ နံ့ထွက်သော မိန်းမ
0

ဗုဒွဘာသာလူငယ်များအတွက်(from Slip Knot )

အပါယ် လေးပါး

၁။ ငရဲ .............................ချမ်းသာမှုကင်းခြင်း၊

၂။ တိရိစ္ဆာန် .....................ကောင်းကင်ကိုကျောပေး သွားလာသောသတ္တ၀ါ၊

၃။ ပြိတ္တာ .........................အမြဲ ငတ်ပြတ်ခြင်း၊

၎။ အသူရကာယ် ...............ရဲရင့်ခြင်း ကင်းမှု၊

ကပ် သုံးပါး

၁။ ဒု ဗ္ဘိက္ခရကပ်..................ငတ်မွတ်ခေါင်းပါးဘေး၊

၂။ သတ္ထ န္တရကပ်................လက်နက်ဘေး၊

၃။ ရောဂ န္တရကပ်.................အနာရောဂါဘေး၊

ရပ်ပြစ် ရှစ်ပါး

၁။ ငရဲ..............................ချမ်းသာမှုကင်းခြင်း၊

၂။ တိရိစ္ဆာန်......................ကောင်းကင်ကိုကျောပေး သွားလာသောသတ္တ၀ါ၊

၃။ ပြိတ္တာ..........................အမြဲငတ်ပြတ်ခြင်း၊

၎။ မိစ္ဆာဒိဌိ........................အယူမှား အမြင်မှားခြင်း၊

၅။ ပစ္စ န္တရာဇ်.....................ရတနာသုံးပါး မရှိသောအရပ်၊

၆။ အရူပဗြဟ္မာဘုံ...............ရုပ်ရှိလျှင်နာမ်မရှိ/ နာမ်ရှိလျှင်ရုပ်မရှိသောဘုံ၊

၇။ ဒွိဟိတ်ပုဂ္ဂ္ဂ္ဂိ္ဂိုလ်.................ဥာဏ်မရှိတဲ့ပုဂ္ဂိုလ်၊

၈။ ဥာဏ်ရှိသော်လည်း ဘုရားမပွင့်သော ကမ္ဘာတွင်ဖြစ်ရခြင်း၊

ရန်သူမျိုး ငါးပါး

၁။ မင်းဧကရာဇ်

၂။ ရေ

၃။ မီး

၎။ ခိုးသူ

၅။ အမွေခံ သားဆိုး/ သမီးဆိုး

ဝိပတ္တိတရား လေးပါး

၁။ ကာလ ၀ိပတ္တိ..................အခါ/ကာလ ဖေါက်ပြန်ခြင်း၊

၂။ ကတိ ၀ိပတ္တိ....................ဘုံဌာန ဖေါက်ပြန်ခြင်း၊

၃။ ဥပဓိ ၀ိပတ္တိ.....................ဥပတိရုပ် ဖေါက်ပြန်ခြင်း၊

၎။ ပရောဂ ၀ိပတ္တိ.................လုပ်ဆောင်မှု ဖေါက်ပြန်ခြင်း၊

ဗျသနတရား ငါးပါး

၁။ ညာတိ ဗျသန..................ဆွေမျိုးသားချင်းများ ပျက်စီးခြင်း၊

၂။ ရောဂ ဗျသန...................အနာရောဂါ ဖြစ်ခြင်း၊

၃။ ဘောဂ ဗျသန..................ဥစ္စာစည်းစိမ် ပျက်စီးခြင်း၊

၎။ သီလ ဗျသန.....................အကျင့်သီလ ပျက်စီးခြင်း၊

၅။ ဒီဌိ ဗျသန.........................အယူမှန် ပျက်စီးခြင်း

0

နွားပုံပြင် (www.maukkha.org)

ဆိုရှယ်လစ်ဝါဒ

ခင်ဗျားမှာ နွားနှစ်ကောင်ရှိမယ်။ အစိုးရက တစ်ကောင်ကို သိမ်းပြီး၊ အိမ်နီးချင်းကို တစ်ကောင် ပေးလိုက်မယ်။

ကွန်မြူနစ်ဝါဒ

ခင်ဗျားမှာ နွားမနှစ်ကောင် ရှိမယ်။ အစိုးရက နှစ်ကောင်စလုံး သိမ်းပြီး၊ ခင်ဗျားကို နွားနို့ ခွဲတမ်းပေးမယ်။

နာဇီဝါဒ

ခင်ဗျားမှာ နွားမနှစ်ကောင် ရှိမယ်။ အစိုးရက ခင်ဗျားကို ပစ်သတ်ပြီး၊ နွားနှစ်ကောင်စလုံး ယူသွားမယ်။

အရင်းရှင်ဝါဒ

ခင်ဗျားမှာ နွားမနှစ်ကောင် ရှိတယ်။ ခင်ဗျားကိုယ်တိုင်ပဲ တစ်ကောင် ရောင်းပြီး၊ ဈေးရမယ့် နွားသိုး (bull) တစ်ကောင် ၀ယ်မယ်။

0

Definitions

ပိုက်ဆံ=>တန်ဖိုးသတ်မှတ်ထားတဲ့စက္ကူ (စာရေးဆရာမင်းလူ)

လူကြီး=>အမှားများကိုအကြိမ်ကြိမ်အခါခါကျူးလွန်ပြီးနောင်တများနှင့်၇ှင်သန်နေထိုင်သူ. (ဓါတုဦးဘုန်း)

လူငယ်=>အမှားများကိုကျူးလွန်ရန်အတွက်ကြိုးစားရှာဖွေသူ (ဓါတုဦးဘုန်း)

ဥပဒေ=>ကျူးလွန်တဲ့သူတွေကကျူးလွန်ပြီးမှ နောက်နောင်ဤသို့မဖြစ်အောင်

ကာကွယ်သည့်အနေဖြင့်ထုတ်ပြန်ထားသည့် တားမြစ်ချက်.

စာမေးပွဲ=>အတော်ဆုံးဆိုတဲ့ သူတွဖေို့ တော်ချင်မှတော့်သူတွက မေးခွ်း ထုတ်ထားတဲ့အရာ(ဗြိတိသျှဘုန်းတော်ကြီးစာရေးဆရာ ချာလီကော်လ်တန်)

0

ဒါလေးတွေသတိထားနော်..........(from facebook)

အရေးကြီးသောကိစ္စ စကားကို ဖြည်းဖြည်းပြောပါ။
ပြဿနာကြီးမားပါက စကားအား သေချာပြောပါ။
ပြဿနာသေးလျှင် စကားကို ဟာသနှော၍ပြောပါ။
မယုံကြည်ရသောကိစ္စ စကားကို ဆင်ခြင်ပြောပါ။
မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့ မပြောပါနှင့်။
မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။
လူတစ်ဖက်သား ထိခိုက်စေသောစကား မပြောပါနှင့်။
မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။
ပျော်ရွှင်စရာကိစ္စ အခြေအနေကြည့်ပြီးပြောပါ။
စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။
သူတစ်ပါးကိစ္စ သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ တစ်ပါးသူ ဘယ်လိုပြောလဲ နားထောင်ပါ။
သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။
လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။
သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။